ထူးဆန်း င်းကြေပြီး အဓိပ္ပာယ်တွေအပြည့်နဲ့ မော်လမြိုင်မြို့ အကြောင်း
မြန်မာဘုရင်တည်ခဲ့တာဖြစ်ပြီး မော်လမြိုင်မြို့ကတော့ အင်္ဂလိပ် န်ရှင်တော်မင်းကြီး မိန်းဂေး က ခရစ်သက္ကရာဇ် ၁၈၂၉ မှာကျိုက္ခမီ မှ မော်လမြိုင်ကို တိုင်းရုံးအဖြစ် ပြောင်းပြီး ရုံးစိုက်ခဲ့တာပါ။
ထူးဆန်းမှုတစ်ခုကတော့ ရှေးလူကြီးတွေက မော်လမြိုင်မြို့ ရှိ ရပ်ကွက်တွေကို နာမည်ဆန်းဆန်းနှင့် င်းကြေအောင် ပေးသွားခဲ့  ကြပါတာပါဘဲနာမည်ပေးသွားပုံတွေကတော့ ကုန်း(၉)ကုန်း ချောင်(၉)ချောင် တန်း(၉)တန်း ဆိုပြီး မော်လမြိုင် ရက်ကွက်တွေကို အမည်ပေးသွားခဲ့ကြပါတယ်။
၁။ ရှမ်းကုန်း
၂။ ဇီးကုန်း
၃။ ဇော်ကုန်း
၎။ ထန်းပင်ကုန်း
၅။ သာယာကုန်း (မွန်သူကြီးဦးသာယာ နေထိုင်အုပ်ချုပ်ခ့သည်ကို အစွဲ ပြု၍ )
၈။ ဖိုးစောကုန်း (မွန်သူကြီးဦးဖိုးစော နေထိုင်အုပ်ချုပ်ခဲ့သည်ကို အစွဲ ပြု၍ )
ချောင်(၉)ချောင်တော့
၁။ ပဲခူးချောင်
၂။ သရက်ချောင်
၃။ ရေကန်ချောင်
၎။ ခရုချောင်
၅။ ပူတူးချောင်
၆။ နပ်ချီးချောင်
၇။ ပတ္တလားချောင်
၈။ ဘီလိုင်ချောင်
တန်း(၉)တန်းကတော့
၁။ လမုတန်း
၂။ လှည်းတန်း
၃။ စက်တန်း
၎။ ပျဉ်ထောင်တန်း
၅။ တရုပ်တန်း
၇။ တောင်ပေါ်တန်း
၈။၂၈ အိမ်တန်း
သမိုင်းင်နန်းစဉ် ပတ္တမြားငမောက် ကို မလိမ့်တပတ်နှင့် အပျောက်ရိုက်သွားခဲ့သော ဒုဗိုလ်မူးကြီးစလေဒင် မော်လမြိုင်မှာ အရေးပိုင်အဖြစ် တာဝန်ထမ်းဆောင်စဉ် နေထိုင်သွားခဲ့သော အရပ်ကို ယနေ့ ထိတိုင်
သိမ်ကုန်းရပ်ထားယ်မြို့ မှ ပြောင်ရွေ့  အခြေချသူများ နေထိုင်ရာအရပ်ကို ထားဝယ်စုပန်းပဲသမားများ စုပေါင်းနေထိုင်ရာအရပ်ကို ပန်းပဲတန်းပြင်သစ်သင်္ဘောတစ်စီး လဲပြိုနစ်မြုပ်ခဲ့သောအရပ်ကို
ဗဒုံမင်းလက်ထက် ထားယ်မှပုန်းကန်သူများကို နှိမ်းနင်းခဲသော ဒိုင်းန်မင်းကြီး၏ တပ်များ တစ်လခန့်
နှင်းမောင်
Unicode
တထူးတဆန်း ၉ နဝင်းကြေပြီး အဓိပ္ပာယ်တွေအပြည့်နဲ့ မော်လမြိုင်မြို့ အကြောင်း 
မော်လမြိုင်မြို့ သက်တမ်းဟာ မန္တလေးမြို့ထက် နှစ် ၃၀ ခန့် ပိုကြီးကြောင်းသိရပါတယ်၊ မန္တလေးမြို့က
မြန်မာဘုရင်တည်ခဲ့တာဖြစ်ပြီး မော်လမြိုင်မြို့ကတော့ အင်္ဂလိပ် ဝန်ရှင်တော်မင်းကြီး မိန်းဂေး က ခရစ်သက္ကရာဇ် ၁၈၂၉ မှာကျိုက္ခမီ မှ မော်လမြိုင်ကို တိုင်းရုံးအဖြစ် ပြောင်းပြီး ရုံးစိုက်ခဲ့တာပါ။
ထူးဆန်းမှုတစ်ခုကတော့ ရှေးလူကြီးတွေက မော်လမြိုင်မြို ့ရှိ ရပ်ကွက်တွေကို နာမည်ဆန်းဆန်းနှင့် ၉ နဝင်းကြေအောင် ပေးသွားခဲ ့ ကြပါတာပါဘဲ။ နာမည်ပေးသွားပုံတွေကတော့ ကုန်း(၉)ကုန်း ချောင်(၉)ချောင် တန်း(၉)တန်း ဆိုပြီး မော်လမြိုင် ရက်ကွက်တွေကို အမည်ပေးသွားခဲ့ကြပါတယ်။
ကုန်း(၉)ကုန်းရဲ့ အမည်တွေကတော့
၁။ ရှမ်းကုန်း
၂။ ဇီးကုန်း
၃။ ဇော်ကုန်း
၄။ ထန်းပင်ကုန်း
၅။ သာယာကုန်း (မွန်သူကြီးဦးသာယာ နေထိုင်အုပ်ချုပ်ခဲ့သည်ကို အစွဲ ပြု၍ )
၆။ စစ်ကဲကုန်း (စစ်ကဲကြီး ဦးထော်လေး နေထိုင်ခဲ့ သည်ကို အစွဲပြု၍)
၇။ မရမ်းကုန်း (မရမ်းပင်များ ပေါက်ရောက်ရာ ကို အစွဲပြု၍)
၈။ ဖိုးစောကုန်း (မွန်သူကြီးဦးဖိုးစော နေထိုင်အုပ်ချုပ်ခ့ ဲသည်ကို အစွဲ ပြု၍ )
၉။ ဘိုကုန်း (ဥရောပတိုက်သားများ စုဝေးနေထိုင်ခဲ့ သည်ကိုအစွဲပြု၍)
ချောင်(၉)ချောင်တော့
၁။ ပဲခူးချောင်
၂။ သရက်ချောင်
၃။ ရေကန်ချောင်
၄။ ခရုချောင်
၅။ ပူတူးချောင်
၆။ နပ်ချီးချောင်
၇။ ပတ္တလားချောင်
၈။ ဘီလိူင်ချောင်
၉။ ငှက်ဆိုးချောင် (ယခု ဒေါင်းမင်းရပ်)
တန်း(၉)တန်းကတော့
၁။ လမုတန်း
၂။ လှည်းတန်း
၃။ စက်တန်း
၄။ ပျဉ်ထောင်တန်း
၅။ တရုပ်တန်း
၆။ ဖက်တန်း (သနပ်ဖက်များ ရောင်းဝယ်ရာရပ်ကွက်ကို အစွဲပြု၍)
၇။ တောင်ပေါ်တန်း
၈။၂၈ အိမ်တန်း
၉။ နတ်မှော်တန်း တို့ ဖြစ်ကြပါတယ်။
နောက်ထပ် ရပ်ကွက်အမည်များသမိုင်းနှင့် တကွဖြစ်ပေါ်လာပုံကိုလည်း ပြောပြချင်ပါသေးတယ်၊
သမိုင်းဝင်နန်းစဉ် ပတ္တမြားငမောက် ကို မလိမ့်တပတ်နှင့် အပျောက်ရိုက်သွားခဲ့သော ဒုဗိုလ်မူးကြီးစလေဒင် မော်လမြိုင်မှာ အရေးပိုင်အဖြစ် တာဝန်ထမ်းဆောင်စဉ် နေထိုင်သွားခဲ့သော အရပ်ကို ယနေ့ ထိတိုင်
အရေးပိုင်ကုန်းဟု ခေါ်ဝေါ်နေပါသေးတယ်။
မုပွန်မှာ မွန်ဘာသာဖြင့် (မုဟ်ပန်) အငူအစွန်း ဟု အဓိပ္ပာယ်ရတယ်။
မွန်သူကြီးဖိုးမောင်ငံ အုပ်ချုပ်ခဲ့သော အရပ်ကို မောင်ငံရပ်၊ ဓမ္မစေတီမင်း လှူဒါန်းခဲ့သော သိမ်ရှိရာအရပ်ကို
သိမ်ကုန်းရပ်၊ ထားဝယ်မြို ့မှ ပြောင်ရွေ ့ အခြေချသူများ နေထိုင်ရာအရပ်ကို ထားဝယ်စု၊ ပန်းပဲသမားများ စုပေါင်းနေထိုင်ရာအရပ်ကို ပန်းပဲတန်း၊ ပြင်သစ်သင်္ဘောတစ်စီး လဲပြိုနစ်မြုပ်ခဲ့သောအရပ်ကို
သင်္ဘောလဲရပ်၊ ပြည်မြို ့အနီးရွှေတောင်မှ ပြောင်ရွေ ့ အခြေချသူများ နေထိုင်ရာအရပ်ကို ရွှေတောင်ရပ်၊
ဗဒုံမင်းလက်ထက် ထားဝယ်မှပုန်းကန်သူများကို နှိမ်းနင်းခဲသော ဒိုင်းဝန်မင်းကြီး၏ တပ်များ တစ်လခန့်
စခန်းချခဲ့သောကွင်းကို ဒိုင်းဝန်ကွင်း အရပ်ဟု အမည်နာမများ ခေါ်တွင်ခဲ့ကြပါသည်။
အမည်မသိသူယောက်ရဲ့ စာတိုပေစများကို သဒ္ဒါမှန်ဆီလျော်အောင် လိုတဲ့နေရာများဖြည့်စွတ်ပြီး မလိုအပ်သောနေရာမျာကို တည်းဖြတ် ပြန်လည် ရေးသားထားပါတယ်။
နှင်းမောင်
ဖြစ်ရပ်မှန်သတင်းများ
ကိုးကား Reference: Unknown Author 
Comments
Popular posts from this blog
အာဇာနည်နေ့အကြောင်း တစေ့တဆောင်း
တရားခွင်က စစ်အာဏာရှင်တယောက် (သို့) အိုက်ခ်မန်း