Posts

Showing posts from July, 2018

အာဇာနည်နေ့အကြောင်း တစေ့တဆောင်း

Image
အာဇာနည်နေ့အကြောင်း တစေ့တဆောင်း ဒို့ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့က ကျူးကျော်စစ် ၃ ကြိမ်ဆင်နွှဲပြီး သိမ်းယူခဲ့ကြတယ်။ ပထမအကြိမ်က ၁၈၂၄ ခုနှစ် မြန်မာတွေစစ်ရှုံးတယ်၊ ရခိုင်နဲ့ တနင်္သာရီနယ်တွေကိုအင်္ဂလိပ် တို့ကသိမ်းပိုက်ခဲ့ကြတယ်။ ဒုတိယအကြိမ်က ၁၈၅၂ ခုနှစ်မြန်မာတွေပဲ စစ်ရှုံးခဲ့လို့ အောက်မြန်မာပြည်ကို အင်္ဂလိပ်တို့က သိမ်းပိုက်ခဲ့ကြပြန်တယ်။ တတိယကျူးကျော်စစ်ကိုတော့ ၁၈၈၅ ခုနှစ် နိုဝင်ဘာလမှာ ဆင်နွှဲခဲ့ပြီး အင်္ဂလိပ်တို့အနိုင်ရပြီး မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်လိုက်ပါတော့တယ်။ သူ့ကျွန်မခံလိုတဲ့ မြန်မာတွေဟာ အမျိုးသမီး တွေ ပါမကျန် အင်္ဂလိပ်နယ်ချဲ့ကို ရရာလက်နက်နဲ့ ပြန်လည်တိုက်ခိုက်ခဲ့ကြပေမဲ့ စည်းလုံးညီညွတ်မှုမရှိ၊ လက်နက်အင်အားကမမျှ၊ စတာတွေကြောင့် လွတ်လပ်ရေး ဆုံးရှုံးခဲ့ရတယ်။ ဒီလိုနဲ့ လွတ်လပ်ရေးကို ပြန်လည်ရယူဖို့ အသက်ကိုပင်ပဓာနမထားပဲ မြန်မာတစ်မျိုးသားလုံးအတွက် အသက်စွန့်ခဲ့ရသော ခေါင်းဆောင်ကြီးများကျဆုံးခဲ့ရတဲ့ ဇူလိုင်လ ၁၉ ရက်နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့တယ်။ အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ပြီးတဲ့နောက်မှာတော့ အာဇာနည်နေ့အခမ်းအနားများကို နှစ်စဉ်ကျင်းပလာခဲ့တာ အခုဆိုရင် ၇၁ နှစ...

တထူးတဆန်း ၉ နဝင်းကြေပြီး အဓိပ္ပာယ်တွေအပြည့်နဲ့ မော်လမြိုင်မြို့ အကြောင်း

Image
တ ထူး တ ဆန်း ၉ န ဝ င်းကြေ ပြီး အဓိပ္ပာယ်တွေအပြည့်နဲ့ မော်လမြိုင် မြို့ အကြောင်း မော်လမြိုင်မြို့  သက်တမ်း ဟာ မန္တလေးမြို့ထက် နှစ် ၃၀ ခန့် ပိုကြီး ကြောင်းသိရ ပါတယ် ၊ မန္တလေးမြို့က မြန်မာဘုရင်တည်ခဲ့တာဖြစ်ပြီး မော်လမြိုင်မြို့ကတော့ အင်္ဂလိပ် ဝ န်ရှင်တော်မင်းကြီး မိန်းဂေး က ခရစ်သက္ကရာဇ် ၁၈၂၉ မှာကျိုက္ခမီ မှ မော်လမြိုင်ကို တိုင်းရုံး အဖြစ် ပြောင်းပြီး ရုံး စိုက်ခဲ့တာပါ။ ထူးဆန်းမှုတစ်ခုကတော့ ရှေးလူကြီးတွေက မော်လမြိုင်မြို့ ရှိ ရပ်ကွက် တွေ ကို နာမည်ဆန်းဆန်းနှင့် ၉ န ဝ င်းကြေအောင် ပေးသွားခဲ့  ကြပါ တာပါဘဲ ။ နာမည်ပေးသွားပုံတွေကတော့ ကုန်း(၉)ကုန်း ချောင်(၉)ချောင် တန်း(၉)တန်း ဆိုပြီး မော်လမြိုင် ရက်ကွက်တွေကို အမည်ပေး သွား ခဲ့ကြပါတယ်။ ကုန်း(၉)ကုန်း ရဲ့ အမည်တွေကတော့ ၁။ ရှမ်းကုန်း ၂။ ဇီးကုန်း ၃။ ဇော်ကုန်း ၄။ ထန်းပင်ကုန်း ၅။ သာယာကုန်း ( မွန်သူကြီးဦးသာယာ နေထိုင်အုပ်ချုပ်ခဲ့ သည်ကို အစွဲ ပြု၍ ) ၆။ စစ်ကဲကုန်း ( စစ်ကဲကြီး ဦးထော်လေး နေထိုင်ခဲ့ သည်ကို အစွဲပြု၍) ၇။ မရမ်းကုန်း ( မရမ်းပင်များ ပေါက်ရောက်ရာ ကို အစွဲပြု၍) ၈။ ဖိုးစောကုန်း ( မွန်သူကြီးဦးဖိုးစော နေထိုင်...