Posts

Showing posts from November, 2017

မြန်မာပြည်ရောက် အိန္ဒိယ ဘုရင်ကြီး အကြောင်း

Image
ဒုတိယ ဘဟာဒူး ဇဖာရှား မြန်မာနိုင်ငံမှာ နေထိုင်သွားတဲ့ နိုင်ငံခြား ဘုရင် သုံးပါးထဲမှာ အိန္ဒိယက မဂိုဘုရင်က သင်္ခချိုင်းရယ်လို့ အထင်အရှား ကျန်ရစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီသင်္ချိုင်းကို ၁၉၉ဝ ကျော်မှ ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။ အနှစ်တရာကျော် မေ့ပျောက် ခံနေရတဲ့ မဂို ဘုရင် ဇဖာရှားရဲ့ သင်္ချိုင်းကို ပြန်တွေ့ခဲ့တာဟာ သူ့ကို သူတော်စင် အဖြစ် ကြည်ညိုသူတွေ၊ အူရဒူ ကဗျာဆရာကြီး အဖြစ် လေးစားသူတွေ အတွက် အားတက်စရာ ဖြစ်ခဲ့ပါတယ်။ သူ့ကို ဒေလီမြို့ကနေ ဗြိတိသျှ တွေ ဖမ်းခေါ်လာပြီး အဲဒီတုန်းက သူတို့ သိမ်းထားစ မြန်မာနိုင်ငံ အောက်ပိုင်းက ရန်ကုန်မြို့ကို ပို့ပစ်ခဲ့ပါတယ်။ ၁၈၆၂ ခု ရန်ကုန်က သိမ်သိမ်ငယ်ငယ် သစ်သားအိမ်တလုံးမှာပဲ ဇဖာရှား ကံကုန် ချိန်မှာ သူ့ဆွေမျိုးတစုသာ ရှိခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ရွှေတိဂုံ ဘုရားနားမှာ သူ့ကို ဗြိတိသျှ အစိုးရက မထင်မရှား မြှုပ်နှံခဲ့ပါတယ်။ ဒါဟာ အနှစ် ၃ဝဝ ကျော် အိန္ဒိယ တိုက်ငယ်ကို အုပ်ချုပ်လာခဲ့တဲ့ မဂိုမင်းဆက် ဘုရင်တွေအတွက် မလှမပ နိဂုံးချုပ်ခဲ့တာ ဖြစ်ပါတယ်။ အက္ကဘာ၊ သြရန်ဇစ် စတဲ့ သူ့ရဲ့ ဘိုးတော် ဘေးတော် ဘုန်းကြီးတဲ့ မဂိုဘုရင်တွေနဲ့ မတူဘဲ ၁၈၅၇ က စစ်ဗာရီ ပုန်ကန်မှုကြီးမှာ သူ နန်းကျခဲ့ရပါတ...