Posts

Showing posts from September, 2017

တရားခွင်က စစ်အာဏာရှင်တယောက် (သို့) အိုက်ခ်မန်း

Image
  ဒု ဗိုလ်မှူးကြီး အိုက်ခ်မန်း နာဇီဂျာမန်တပ်မတော်ကြီးရဲ့ဖခင်ကြီး ဟစ်တလာကို လူတိုင်းသိကြပါတယ်။ ကမ္ဘာကျော် ဂျူးလူမျိုးတုန်းသတ်ဖြတ်မှုကြီးကို စီရင်ဆောင်ရွက်ချက်များနဲ့အတူ အာဏာရှင်ကြီးအဖြစ် ထင်ရှားတာဖြစ်ပါတယ်။ ၎င်းရဲ့ဂျူးလူမျိုးနှိပ်ကွပ်ရှင်းလင်းရေးမှာ ၁၉၃၉ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးတွင်း ဂျူးလူမျိုး ၆သန်းကျော်ကို သတ်ဖြတ်ခဲ့ပါ တယ်။ ထိုအနက်ရောင်စီမံကိန်းကြီးကို ဟစ်တလာက အမိန့်ပေး၊ မြေပြင်ဆောင်ရွက်ချက်များကို အများဆုံး လုပ်ဆောင်ခဲ့ သူကတော့ ဒု ဗိုလ်မှူးကြီး အိုက်ခမန်းပဲဖြစ်ပါတယ်။ ဒု ဗိုလ်မှူးကြီး အိုက်ခမန်း နာဇီတို့၏ပင်မလုံခြုံရေးဌာနမှာ တာဝန်ထမ်းဆောင်နေစဉ်ကာလများအတွင်း အရေအတွက် သုံး သန်းကျော်မျှ ရှိတဲ့ ဂျူးလူမျိုး အရွယ်စုံတို့ဟာ အော့ဇ်ဝစ်ဇ်အစရှိသော နာဇီအကျဉ်းစခန်းများသို့ ပို့ဆောင်ခံရပြီး မပြန်လမ်း သို့ မြန်းကြရပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးလို့ နာဇီပါတီပြိုလဲချိန် အိုက်ခမန်းဟာ မသေဘဲ ထွက်ပြေးလွတ်မြောက်သွာြး့ပီး ၁၅ နှစ်ကျော် ကြာ တဲ့အထိ ၁၉၆၁ခုနှစ်တွင် နာမည်ကျော် အစ္စရေးထောက်လှမ်းရေး မော့ဆက်မှ ခြေရာခံမိကာ အာဂျင်တီးနားနိုင်ငံမှ အစ္စရေး နိုင်ငံသို့ လျှို့ဝှက်စွာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရပြီး...

ပြန်လည် ကမ္ပည်းတင်ရမည့် သမိုင်းဝင်အမည်နာမများ (ဆူးငှက်)

Image
စာရေးဆရာကြီး  ဆူးငှက် နှင့် တကွ ရေးသားသူများ အားလုံးအား ရိုသေဦးညွှတ် Credit ပေးပါသည်။  လေးစားစွာဖြင့် - နိုင်မြန်မာ ပြန်လည် ကမ္ပည်းတင်ရမည့် သမိုင်းဝင်အမည်နာမများ (ဆူးငှက်) လွန်ခဲ့သော နှစ်၂၀ကျော်ဝန်းကျင် ကာလ၊ ကျွန်တော် ဆောင်းပါးလေးတွေ စတင်ရေးသားစ။ ကျွန်တော့လက်ထဲမှာ ကင်မရာလေးတွေရှိနေစဉ် ဒေါ်ဒေါ် (လူထုဒေါ်အမာ)က သူ့ဆောင်းပါးများ နှင့်ပတ်သက်သော မှတ်တမ်းတင်ပုံလေးတွေ ကျွန်တော့ကို ရိုက်ခိုင်းသည်။ ပဲလှော်ချောင်က ခြင်္သေ့ကြီးနှစ်ကောင်..၊ အသားစားရှောင်ကြဉ်ရေး ဦးကျော်လှ၏ ဆိုင်းဘုတ်..။ ဘီလူးမညောင်ပင်..၊ ကာတစ်တိုက်..၊ အိမ်တော်ရာထီး..၊ ဘုရားကြီးက ဖန်ကျီပွတ်လုံးများ..၊ ဈေးချိုတော်ရုံကြီး ၁၂ရုံ.. စသည်..။ ထိုစဉ်က အခုလို ဒစ်ဂျစ်တယ်ကင်မရာခေတ် မဟုတ်တော့ ရိုက်ပြီးသောဖလင်များကို ဆေးပြီး ဓာတ်ပုံကူးကာ ဒေါ်ဒေါ်ထံသွားပြရသည်။ ထိုအခါ ဒေါ်ဒေါ်သည် ဓာတ်ပုံများကိုကြည့်ပြီး လူထုတိုက်ဧည့်ခန်းမှ လှမ်းမြင်ရသည့် ပိုင်ရှင် ပြောင်းသွားသည့် နဂါးဒေါ်ဦး၏ ယခင်က နဂါးဆေးလိပ် သုံးထပ်တိုက်ကြီး၊ ထိုတိုက်ကြီးနှင့် မြောက်ဘက်မှ အသစ်ပေါ်ထွက် လာသော အထပ်မြင့်တိုက်ကြီးများကို လှမ်းမျှော်ငေးကြည့်ရင်း ...