Posts

ကာကွယ်ရေးဦးစီးချုပ် ဦးစောမောင်၏ သတင်းထောက်များကို သမိုင်းဝင် ပြောခဲ့တဲ့စကား

Image
  ကာကွယ်ရေးဦးစီးချုပ် ဦးစောမောင် ကာကွယ်ရေးဦးစီးချုပ် ဦးစောမောင် ၏ သတင်းထောက်များကို သမိုင်းဝင် ပြောခဲ့တဲ့စကား ကာကွယ်ရေးဦးစီးချုပ် ဦးစောမောင် သတင်းထောက်တွေကို ပြောခဲ့ တဲ့စကားပါ။ ဒီမယ် ကျွန်တော်ကို အခြေခံဥပဒေ မဆွဲခိုင်းပါနဲ့ ၊ ဒါဟာ ကျွန်တော်ကို ရာဇဝတ်ပြစ်မှု (Criminal case) ထဲဆွဲသွင်းတာဘဲ ၊ ကျွန်တော် အရှင်းဆုံး ကိုပြောမယ်ဗျာ ၊ ကျွန်တော်တို့ က Elected မဟုတ်ဘူး ခင်ဗျားတို့ ရွေးကောက်ပွဲ ပြီးတော အနိုင်ရတဲ့သူက ဆွဲကြပေါ့ဗျာ ၊ ကျွန်တော်တို့ ရွေးကောက်ပွဲပြီးလျှင် စစ်တန်းလျှား Barrack ပြန်ရုံဘဲ ၊ ရွေးကောက်ခံ အစိုးရတတ်လာတဲ့အခါ ကျွန်တော်တို့ တာဝန်ယူစဉ်က ကိစ္စမှန်သမျှကို ပြန်ပြီး အစီရင်ခံမယ် ၊ ကျွန်တော်တို့ တာဝန်ယူစဉ် အကောင်းအဆိုး မှန်သမျှ ကျွန်တော်တာဝန်ယူတယ် ၊ ဒါပါဘဲ ကျွန်တော် ကာချုပ် စောမောင် ပါ ။  ကာကွယ်ရေးဦးစီးချုပ် ဦးစောမောင် နှင့် မိသားစု လူတချို့၏ ထင်မြင်ချက်များ ဒီစကား ကိုပယ်ချင်လို့  ဒီလူကို အပြတ်ရှင်းလိုက်တာ ဒါပေမဲ့ နှစ်ပေါင်း ၃၀ ကျော်လည်း ဒီစကားက ပျောက်မသွာဘူး အဲဒါ သမိုင်ဝင်သွားလို့ ။ လေးစားစွာဖြင့် နှင်းမောင် ကို...

အာဇာနည်နေ့အကြောင်း တစေ့တဆောင်း

Image
အာဇာနည်နေ့အကြောင်း တစေ့တဆောင်း ဒို့ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့က ကျူးကျော်စစ် ၃ ကြိမ်ဆင်နွှဲပြီး သိမ်းယူခဲ့ကြတယ်။ ပထမအကြိမ်က ၁၈၂၄ ခုနှစ် မြန်မာတွေစစ်ရှုံးတယ်၊ ရခိုင်နဲ့ တနင်္သာရီနယ်တွေကိုအင်္ဂလိပ် တို့ကသိမ်းပိုက်ခဲ့ကြတယ်။ ဒုတိယအကြိမ်က ၁၈၅၂ ခုနှစ်မြန်မာတွေပဲ စစ်ရှုံးခဲ့လို့ အောက်မြန်မာပြည်ကို အင်္ဂလိပ်တို့က သိမ်းပိုက်ခဲ့ကြပြန်တယ်။ တတိယကျူးကျော်စစ်ကိုတော့ ၁၈၈၅ ခုနှစ် နိုဝင်ဘာလမှာ ဆင်နွှဲခဲ့ပြီး အင်္ဂလိပ်တို့အနိုင်ရပြီး မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်လိုက်ပါတော့တယ်။ သူ့ကျွန်မခံလိုတဲ့ မြန်မာတွေဟာ အမျိုးသမီး တွေ ပါမကျန် အင်္ဂလိပ်နယ်ချဲ့ကို ရရာလက်နက်နဲ့ ပြန်လည်တိုက်ခိုက်ခဲ့ကြပေမဲ့ စည်းလုံးညီညွတ်မှုမရှိ၊ လက်နက်အင်အားကမမျှ၊ စတာတွေကြောင့် လွတ်လပ်ရေး ဆုံးရှုံးခဲ့ရတယ်။ ဒီလိုနဲ့ လွတ်လပ်ရေးကို ပြန်လည်ရယူဖို့ အသက်ကိုပင်ပဓာနမထားပဲ မြန်မာတစ်မျိုးသားလုံးအတွက် အသက်စွန့်ခဲ့ရသော ခေါင်းဆောင်ကြီးများကျဆုံးခဲ့ရတဲ့ ဇူလိုင်လ ၁၉ ရက်နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့တယ်။ အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ပြီးတဲ့နောက်မှာတော့ အာဇာနည်နေ့အခမ်းအနားများကို နှစ်စဉ်ကျင်းပလာခဲ့တာ အခုဆိုရင် ၇၁ နှစ...